Breaking News

ကိုသန်းလွင် - အစ္စရေး၏ခက်ခဲသောပြဿနာ



ကိုသန်းလွင် - အစ္စရေး၏ခက်ခဲသောပြဿနာ

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၉

(၁)

အစ္စရေးရှေ့နေချုပ်က ဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟု အပေါ် နိုဝင်ဘာလ ၂၁ ရက်နေ့က ခြစားမှုနှင့် စွဲချက်များတင် လိုက်ပါသည်။ သူ၏စွဲချက်များကို ဖတ်ကြားသောအခါ သူ၏ပြိုင်ဘက် မိတ်ဆွေများက လွန်ခဲ့ သော ၁၁နှစ်က ဝန်ကြီးချုပ် အိုမတ် (Ehud Olmert) ကို စွဲချက်တင်စဉ်က သူပြောကြားခဲ့သော စကားများကို ပြန်လည်အမှတ်ရမိကြပါသည်။

“ ဝန်ကြီးချုပ်တစ်ဦးသည်စွဲချက်များအကြားနစ်မြုပ်နေချိန်ဝယ်သူ့တွင် အစ္စရေးနိုင်ငံ၏ အနာဂါတ်နှင့်ပါတ်သက် ၍ တစုံတခုပြောကြားရန် တာဝန်မရှိ၊ တကယ့်အန္တရာယ် ဒါမှမဟုတ် ဘာအန္တရာယ်မှမရှိဘဲနဲ့ သူ့ရဲ့ကိုယ်ကျိုးစီး ပွားအတွက် အန္တရာယ်ဖြစ်မှာကို ကြောက်တယ်ဆိုတဲ့ အပြောမျိုးကို အလိုမရှိပါဘူး၊ တိုင်းပြည်အတွက် တကဲ့ အရေးကြီးတာတွေကို ဘဲကြားချင်ပါတယ်” ဟူ၍ ဖြစ်သည်။ ဝန်ကြီးချုပ် အိုလမတ်မှာ မြို့တော်ဝန်ဘဝကလာဘ် ယူမှုအတွက် အကျဉ်းကျခံခဲ့ရပါသည်။

နိုင်ငံရေးသမားတစ်ဦးသည် တချိန်ချိန်၌ သူ့ကိုပြန်လည်သတိရစိမ့်သောငှါ ပြန်ပြောရန်မလိုအပ် သော်လည်း နာတာညာဟု ၏ ပြောကြားချက်မျာ မငြင်းနိုင်သောအချက်များ ပါနေခဲ့ပါသည်။

(၂)

နာတာညာဟုသည် သူ့ကိုယ်ကို အန္တရာယ်ဖြစ်စေရန် ပြုမူလိမ့်မည်မဟုတ်ပါ။ သူ့ကိုစစ်ဆေးနေသည့် သုံးနှစ် တာကာလ အတွင်း “စစ်ဆေးသူကို စစ်ဆေးရေး”ဟူ၍ ရဲနှင့်သူ့ကိုစွဲချက်တင်သူများအပေါ်ရန်သူသဖွယ်ဆက် ဆံ၍ “သူ့ကိုရာထူးမှဖြုတ်ချရန်ကြိုးပမ်းမှု ”ဟု စွတ်စွဲမည်။ ရာထူးမှဆင်းပေးလိမ့်မည် မဟုတ်ကြောင်းပြောမည်။ အပြစ်နှင့် ပါတ်သက်၍ ခုခံမှုပုံစံမှာမပြောင်းလဲပါ။ ရှေ့နေချုပ်မှာ အရင်ကသူ့အစိုးရ၏ ကက်ဘိနက်အတွင်းရေး မှူးဖြစ်ခဲ့ပြီး သူကိုယ်တိုင်က ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သူ မင်ဒဲဘလစ် (Avichai Mandelblit) ဖြစ်ပါသည်။

နာတာညာဟု သည်ဥပဒေ တရားနည်းလမ်းအရ နှုတ်ထွက်ရန်မလိုပါ။ သူ့ကိုစွဲချက်တင်ထားသည်မှာ သုံးမျိုးဖြစ် ပါသည်။ ပြစ်ချက်အမှတ် ၄၀ဝ၀ နှင့် ၂၀ဝ၀ မှာမီဒီယာသူဌေးထံမှ သူနှင့်ပါတ်သက်၍သတင်းများတွင်ကောင်း သော သတင်းများကိုသာရေးရန်ဖြစ်သည်။ ဆက်သွယ်ရေးဌာနမှ ဒါရိုက်တာဂျင်နရယ်ကို ဖြုတ်ချပြီးလူစားထိုး ခန့်ထားခြင်း။ နောက်ဆုံးစွဲချက် ၁၀ဝ၀ မှာနိုင်ငံခြားသူဌေးထံမှ တန်ဇိုး လက်ဆောင်လက်ခံမှုဖြစ်သည်။ သူက လက်ဆောင်အဖြစ် ဒေါ်လာသိန်းချီ၍ရခဲ့သည်ဟုစွတ်စွဲခံရသည်။ ပြောခဲ့ သော ပြစ်မှုများအတွက်အပြစ်ဒဏ်ပေး ခံရပါကရာထူးမှနှုတ်ထွက်ပေးရပါမည်။ ပြစ်မှုများအတွက် စီရင်ချက် ချမည့်အချိန်သည် လပေါင်းများစွာ၊ နှစ်ချီ၍ လည်းကြာပါလိမ့်မည်။ နာတာညာဟုသည်အစ္စရေးနိုင်ငံသမိုင်းတွင်ရှုတ်ထွေးသော၊ ဖြေရှင်းရခက်သောနိုင်ငံရေး ပြစ်မှုကြီးနှင့် ပါတ်သက်နေပြီဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို ဧပြီလနှင့် စက်တင်ဘာလတို့တွင် နှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့ရာ အပြတ်အ သတ်နိုင်သူဟူ၍မရှိဘဲ အဓိကပါတီကြီး နှစ်ခုမှာ မဲအရေအတွက် တူညီပြီး အဖြေမထွက်ဘဲ ရှိနေခဲ့သည်။ လွန်ခဲ့ သော ဗုဒ္ဓဟူးနေ့က (နိုဝင်ဘာ ၂၀) သူ၏ ပြိုင်ဘက်မစ္စတာဂန့် (Mr.Benny Gantz) မှာ သူ့အရင်နာတာညာဟု ကဲ့သို့ အစိုးရမဖွဲ့နိုင်ကြောင်းကြေညာသည်။ အတိုက်အခံပြိုင်ဘက်ပါတီနှင့်ပူးပေါင်းမှသာမဲအရေအတွက်အလုံ အလောက်နှင့် အစိုးရအဖွဲ့ကိုဖွဲ့နိုင်မည်ဖြစ်သည်။ သမ္မတ ရီဘီလင် (Renven Rivlin) က ဒီဇင်ဘာ ၁၁ ရက် နေ့ကို နောက်ဆုံးထား၍အစိုးရအဖွဲ့ကိုဖွဲ့ရန်၊ ဤရက်ရောက်၍မှအစိုးရမဖွဲ့နိုင်လျှင်တတိယအကြိမ်ရွေးကောက် ပွဲကို ကျင်းပမည်ဟု ကြေညာသည်။ နောက်နှစ် စောစောပိုင်းတွင် ကျင်းပရန် ရည်ရွယ်သည်။

မစ္စတာ နာတာညာဟုနှင့် မစ္စတာ ဂန့်တို့မှာ အစိုးရဖွဲ့ရန် ဘာမျှခရီးဝေးကွာသည် မဟုတ်ပါ။ ယခင်က စစ်တပ် ဦးစီးချုပ်လုပ်ခဲ့သူ မစ္စတာဂန့်မှာ နာတာညာဟု၏ လီကွပ်ပါတီ (Likud Party) နှင့် ရင်းနှီးပြီးဖြစ်သည်။ သူ၏ (Blue and White) ပါတီ၏ သဘောထားမှာလည်းလီကွပ်ပါတီနှင့် ကွဲပြားကြသည်မဟုတ်ပါ။ သို့ပါသော်လည်း နာတာညာဟု နှင့် ပူးပေါင်းရန်မှာ မဖြစ်နိုင်ဟူသော သဘောထားကြောင့်ဖြစ်သည်။

အစ္စရေးနိုင်ငံတွင် ဖြစ်ပျက်နေသည်များမှာ အမေရိကန်နိုင်ငံတွင် ဖြစ်ပျက်နေသည်များနှင့် ဆင်တူကြောင်းကို သတိမထားဘဲမရနိုင်ပါ။ အမေရိကန် သမ္မတမှာ သမ္မတအဖြစ်မှ ထုတ်ပယ်ခံရရန် (impeachment inquiry) ကိုရင်ဆိုင် နေရသည်။ ယူကရိန်းထံက သမ္မတ၏ပြိုင်ဘက်ဘိုင်ဒန် (Joe Diden) နှင့်သားဖြစ်သူတို့အပေါ်ခြစား မှုနှင့်အရေးယူရနေ်းတာင်းဆိုခဲ့သည်။ “၂၀၁၆ခုအမေရိကန်သမ္မတရွေးပွဲတွင်ယူကရိန်းကဝင်ရှုတ်ခဲ့သည်ဆိုခြင်း” ကို ကော်မရှင်ဖွဲ့၍ စစ်ဆေးရမည်ဟု သမ္မတက တောင်းဆိုနေသည်။ သို့မှသာ ယူကရိန်း အပေါ် စစ်ရေးအကူ အညီပေးရေး၊ ယူကရိန်းသမ္မတကို အိမ်ဖြူတော်သို့ဖိတ်ခေါ်ရေးတို့ ဖြစ်မည်ဟုအမေရိကန် သမ္မတ ကဆိုသည်။

မစ္စတာ နာတာညာဟုမှာလည်း အမေရိကန်သမ္မတကဲ့သို့ “တစုံတရာရမှ လိုချင်သည်ကို ပေးနိုင်မည်” ဆိုသည့် “Quid Pro quo” သဘောကိုအစ္စရေးရှိ မီဒီယာကုမ္ပဏီဥက္ကဌထံမှတောင်းခံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သူ၏ ကောင်းကြောင်းများကိုအသားပေးဖော်ပြသည့်သတင်းဝေဖန်ချက်များကို ကြားလိုကြောင်း မီဒီယာ သူဌေး ထံမှ တောင်းခံခဲ့သည်။

ဤကဲ့သို့ နှစ်နိုင်ငံ အလားတူဖြစ်ရပ်များမှာတိုက်ဆိုင်မှုသက်သက်ထက်ပိုနေပါသည်။ မစ္စတာထရမ့်နှင့် နာတာ ညာဟုမှာခိုင်မာသောရင်းနှီးမှုရှိုသည်။ အစ္စရေးနိုင်ငံနှင့်ပါတ်သက်ပြီးမစ္စတာထရမ့်ကတစ်ခုပြီးတစ်ခုလိုက်လျော ခဲ့သည်။ အစ္စရေးနိုင်ငံမှ လကျာ်ယိမ်းသူများနှင့် အမေရိကန်မှ ထောက်ခံသူများအတွက် မြင်ရသူ အံ့သြလောက် အောင်လိုက်လျောခဲ့သည်။ ပါလက်စတိ်ုင်း ဒုက္ခသည်များကိုကူညီနေသော ကုလသမဂ္ဂအေဂျင်စီသို့ ထောက်ပံ့ ငွေများ ဖြတ်တောက်ခဲ့သည်။ ဂျေရုစလင် မြို့ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ပေးပြီး အမေရိကန် သံရုံးကို ရွှေ့ပြောင်းခဲ့သည်။

တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုက ဂိုလန်ကုန်းပြင်မြင့်တွင် အစ္စရေးလူမျိုးများ အခြေချနေထိုင်မှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖေါက်ခြင်းမရှိကြောင်း ကြေညာခဲ့ပြန်သည်။

ဤကဲ့သို့ကြေညာခြင်းများမှာမစ္စတာ နာတာညာဟု ၏နိုင်ငံရေးပုံရိပ်ကို ပိုမိုကောင်းမွန်လာအောင် မစွမ်းဆောင် နိုင်ကြပါ။ အစ္စရေးကိုလိုက်လျောခြင်းများသည် မစ္စတာထရမ့်ကို မဲပေးသောအမေရိကန်နိုင်ငံအတွင်းမှ လူများ ကို စည်းရုံးမိအောင်လုပ်ခြင်းဖြစ်သည်ဟုလည်း ယူဆနိုင်ပါသည်။ သို့ပါသော်လည်း အစ္စရေးက ဂိုလန်ကုန်းပြင် မြင့်ကိုသိမ်းပိုက်ခြင်း၊ ထိုနေရာကိုကျူးကျော်၍အခြေချနေထိုင်းခြင်းစသည်တို့ ကိုတရားဥပဒေနှင့်ညီအောင်ပြု လုပ် နိုင်မည်မဟုတ်ပါ။

အာရပ်အစ္စရေး ပဋိပက္ခတွင်အမေရိကန်တို့၏ အနေအထားမှာ ကြားမှပြန်ဖြေခြင်းအနေအထားမှ အစ္စရေးဘက် သို့ တစ်ဖက်သတ်လိုက်ပေးခြင်းဖြစ်ပြီး မိမိ၏ကဏ္ဍကို မှေးမှိန်အောင ်ပြုလုပ်ခြင်းလည်း ဖြစ်ပါသည်။ ဤကဲ့သို့ သော ကြေညာချက်ကြောင့်အမေရိကန်တို့ကို ပိုမိုသိက္ခာကျစေနိုင်ပါသည်။ ထို့ကြောင့်အမေရိကန်၏ အပြုအမူ များသည် အစ္စရေးဝန်ကြီးချုပ် နာတာညာဟုကို ကူညီရန် ရည်ရွယ်ချက်မှာလည်း မအောင်မြင်ပါ။

မစ္စတာ နာတာညာဟု၏ ဒုက္ခများမှာ သူ၏ရန်သူများအတွက် ဂုဏ်ယူစရာများမဟုတ်ကြပါ။ သူ့ကို စွဲထားသော ပြစ်မှုများမှာ အားလုံးထင်ရှားပြတ်သားပြီး သူအပြစ်ရှိသည်ဟု ဆုံးဖြတ်၍မရပါ။ ဤကဲ့သို့ လိပ်ခဲတင်းလင်း ဖြစ် ရခြင်းမှာလည်း အတိုက်အခံတို့အဖို့ အောင်ပွဲခံရမည့်အချိန်မဟုတ်သေးပါ။ အထူးသဖြင့် အစ္စရေးကဲ့သို့ ရန်သူ များ ဝိုင်းဝိုင်းလည်နေသည့် နိုင်ငံအဖို့ အင်အားတောင့်တင်းသည့် ခေါင်းဆောင်ကောင်းလိုသည်မှာလည်းအမှန် ပင်ဖြစ်ပါသည်။

(၃)

နာတာညာဟု အဖို့ လွန်ခဲ့သော ၁၁ နှစ်ကပြောခဲ့သလို တိုင်းပြည်အတွက် အရေးတကြီးလိုအပ်နေချိန်တွင် မိမိ ကိုယ်ကျိုးကို ပြောနေမည့်အစား တိုင်းပြည်အတွက် အရေးကြီးသည့်ကိစ္စ ကိုသာပြောစေလိုသည်။ မိမိနိုင်ငံရေး အရ ရပ်တည်နိုင်ရေးအတွက် တစ်ခုပြီးတစ်ခုလျောက်လုပ် လျောက်ပြော လုပ်ရမည့်အချိန်မဟုတ်တော့ပါ။

ကိုသန်းလွင်

Ref: Natanyahu’s cry sound familiar , Editorial New York Times November 25 2019