ဇင်လင်း - ရုရှား ဂန္ထဝင်စာရေးဆရာ ဖျိုဒါ ဒေါ့စတာယဲ့ဗ်စကီး

(မိုးမခ) မတ် ၃၁၊ ၂၀၂၁
ကမ္ဘာ့စာပေလောကတွင် အဝိဇ္ဇာအမှောင် ဖုံးမှုကြောင့် လူသားတို့၏ မနောစိတ်အာရုံ၌ ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများ၊ ရောဂါဝေဒနာများနှင့် ဘေးဥပဒ်အန္တရာယ်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ပြက်ပြက်ထင် ထင် မြင်လာအောင် သရုပ်ဖေါ်လေ့ရှိသော ရုရှားစာရေးဆရာတစ်ဦး ပေါ်ပေါက်ခဲ့ဖူးသည်။ သူ့ဝတ္ထုများတွင် လူသားတို့ ခံစားနေရသော စိတ်ဒုက္ခဝေဒနာများအကြောင်းကို ပီပီပြင်ပြင် ကြက်သီးထလောက်အောင် ဖွင့်ဆိုဖေါ်ပြလေ့ရှိသည်။ ထို့နောက် လူသားတို့အနေဖြင့် မိမိတို့လွန်ကျူးမှုကြောင့် ဖြစ်ပေါ်ခဲ့သော စိတ်ဒုက္ခဝေဒနာတို့မှ လွတ်မြောက်ရန် မျှော်လင့်တတ်ကြသည့် စိတ်နေစိတ်ထားများကိုလည်း ဖေါ်ကျူးဖွင့်ဆိုပြတတ်သည်။ ထို ရုရှားစာရေးဆရာမှာ ကမ္ဘာကျော် ဂန္ထဝင်စာရေးဆရာစာရင်းဝင်သည့် ဖျိုဒါ ဒေါ့စတာယဲ့ဗ်စကီး(Fyodor Mikhaylovich Dostoyevsky) ဖြစ်သည်။
ဖျိုဒါ ဒေါ့စတာယဲ့ဗ်စကီး(Dostoyevsky) သည် ရုရှားဘာသာဖြင့် ဝတ္တုတို၊ ဝတ္တုရှည် နှင့် အက်ဆေးများရေးရုံသာမက သတင်းစာဆရာတစ်ဦးလည်းဖြစ်သည်။ ထိုမျှကမ ဒဿနိကဗေဒ အတွေးအခေါ်ပညာရှင်အဖြစ်လည်း အသိအမှတ်ပြု ခြင်းခံရသည့် စာရေးဆရာဖြစ်သည်။ ဒေါ့စတာယဲ့ဗ်စကီးသည် အသက် ၂၀ အရွယ်တွင် စတင် စာပေများရေးသားခဲ့သည်။ သူ၏ ပထမဆုံး ဝတ္တုရှည် “ဆင်းရဲသူဆင်းရဲသား” (Poor Folk) စာအုပ်ကို ၁၉၄၆ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သည်။ ထိုစဉ်က ဒေါ့စတာယဲ့ဗ်စကီးသည် အသက်၂၅ နှစ်သာ ရှိသေးသည်။ ဒေါ့စတာယဲ့ဗ်စကီး၏ ရသစာပေများသည် စိတ် ခံစားမှုနှင့် စိတ်ပညာဆိုင်ရာ အယူအဆ အရေးအသားများဖြစ်သည်။ နိုင်ငံရေး၊ လူမူရေးနှင့် ၁၉ ရာစုခေတ် ရုရှားနိုင်ငံ၏ စိတ်ဝိဉာဉ် ဆိုင်ရာယုံကြည်မှုများ လွှမ်းမိုးနေသော လူသားတို့၏ စိုးရိမ်သောက ဗျာပါရများနေပုံများကို ဖော်ပြနေသည်ဟု စာပေဝေဖန်သုံးသပ်သူတို့က ဆိုကြသည်။
သူ၏ ကျော်ကြားလှ သော စာအုပ်များထဲတွင် “ပြစ်မှုနှင့် ပြစ်ဒဏ်” (Crime and Punishment - ၁၈၆၆)၊ “ဖဲသမား” (The Gambler - ၁၈၆၇)၊ "နတ်ဆိုးများ" (Demons - ၁၈၇၂)၊ “၀မ်းတွင်းရူး” (The Idiot - ၁၈၇၂) ကာရာမာဇော့ဗ် ညီအကိုများ (The Brothers Karamazov - ၁၈၈၀) တို့ပါဝင်သည်။ သူ ရေးသားခဲ့သော စာအုပ်များမှာ ဝတ္တုရှည် (၁၁)အုပ်၊ ဝတ္တုလတ်(၃)အုပ်၊ ဝတ္တုတို(၁၇) ပုဒ်နှင့် အခြားစာပေလက်ရာအများအပြား ဖန်တီးရေးသားခဲ့သည်။
ဒေါ့စတာယဲ့ဗ်စကီးကို ၁၈၂၁ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့တွင် မော်စကိုမြို့ ဆင်ခြေဖုံးတွင် မွေးဖွားခဲ့သည်။ ပုံပြင်နှင့် ဒဏ္ဍာရီ စာအုပ်များမှတဆင့် ရုရှားနိုင်ငံနှင့် နိုင်ငံခြားစာရေးဆရာများ၏ စာပေလက်ရာများကို လေ့ လာဖတ်ရှုခဲ့သည်။ မိဘများမှာ ရုရှားရှေးရိုးခရစ်ယန် ဘာသာဝင်များဖြစ်၍ ဘာသာတရား အလွန်ကိုင်းရှိုင်းကြသည်ဟု ဆိုသည်။ သို့ဖြင့် ဒေါ့စတာယဲ့ဗ်စကီးသည် အသက်(၈) နှစ်အရွယ်မှစတင်၍ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခဲ့ရသည်။ သမ္မာကျမ်းထဲမှ ဂျော့ဘ်၏ ကျမ်းစာ (Book of Job) ဆိုသည့် ကဏ္ဍကို ဖတ်ရှုရင်း မျက်ရည်များပင် ကျခဲ့ရသည်ဟု ဒေါ့စတာယဲ့ဗ်စကီး က သူ့အသက် ၅၄ တွင် ဇနီးထံ ပေးစာ၌ ဖေါ်ပြခဲ့သည်။ Book of Job ကျမ်းစာသည် ဟီဘရူး သမ္မာကျမ်း (Hebrew Bible) ၌ ဖေါ်ပြခဲ့ပြီး၊ ခရစ်ယန် သမ္မာကျမ်းစာဟောင်း (Old Testament of the Christian Bible) တွင် ပထမဦးဆုံး ကဗျာလင်္ကာ အရေးအသားဖြင့် ရေးသားထားသည့် ကျမ်းစာဟု ဆိုသည်။
သူ့ဖခင်သည် အောင်မြင်သော ဆရာဝန်တစ်ဦးဖြစ်သော်လည်း မော်စကိုမြီု့ရှိ ဆင်းရဲသားများအတွက် ဖွင့်လှစ်ထားသည့် ကုသိုလ်ဖြစ်ဆေးရုံတစ်ခု၌ အလုပ်လုပ်သည်။ ထိုဆေးရုံဝင်းထဲမှာပင် မိသားစုအတွက်နေအိမ်ပေးထားသဖြင့် ဒေါ့စတာယဲ့ဗ် စကီး ငယ်စဉ်အခါကပင် ဆင်းရဲသားများ၏ ဒုက္ခသုက္ခများကို နိစ္စဓူဝဆိုသကဲ့သို့ မြင်တွေ့နေခဲ့ရသည်။ ဆင်းရဲဒုက္ခကြောင့် ရောဂါထူပျောခြင်း၊ ရုတ်တရက်သေဆုံးကြရခြင်းအစရှိသည့်အချင်းအရာများကို ဒေါ့စတာယဲ့ဗ်စကီးအဖို့ နေ့စဉ်နှင့်အမျှ မကြားချင်အဆုံး ကြားနေ သိနေရသည်။ ဆင်းရဲသားများ၏ ဒုက္ခသုက္ခများကို နိစ္စဓူဝဆိုသကဲ့သို့ မြင်တွေ့နေခဲ့ရသဖြင့် မိဘများနည်းတူဒေါ့စတာယဲ့ဗ်စကီးလည်း ဘာသာတရားကို ဘဝတစ်လျှောက်လုံး လေးလေးနက်နက် ကိုင်းရှိုင်းခဲ့သည်။ သူ့အသက် ၁၅ နှစ်အရွယ် ၁၈၃၇ ခုနှစ်တွင် သူ၏မိခင် ကွယ်လွန်သွားခဲ့သည်။
အသက် ၁၆ နှစ်တွင် အစ်ကိုဖြစ်သူ မစ်ခေးလ်နှင့်အတူ စိန့်ပီတာစဘတ်မြို့ရှိ အဂျင်နီယာတက္ကသိုလ် (Nikolayev Military Engineering Institute - ယခု Military Engineering-Technical University) တွင် တက်ရောင်ပညာသင်ယူခဲ့သည်။ ထိုအတောအတွင်း သူ့ဖခင် လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်ခဲ့သည်။ ဘွဲ့ရပြီးပြီးနောက် အသက် ၂၀ တွင် စစ်အင်ဂျငိနီယာ တပ်၌ ဗိုလ်ကြီးအဆင့်ဖြင့် စစ်မှုထမ်းခဲ့သည်။ အင်ဂျင်နီယာတစ်ဦးဖြစ်လာသော်လည်း စိတ်အားထက်သန် မှု မရှိသဖြင့် စာအုပ်များစွာဖတ်ရှုနေခဲ့သည်။ ထိုစဉ်က ရုရှားကဗျာဆရာ ပွတ်ရှ်ကင်(Alexander Sergeyevich Pushkin) ၏ ကဗျာများနှင့် ပြင်သစ်စာရေးဆရာ ဘောလ်ဇက် (Honoré de Balzac) ၏ စကားပြေများကို ခုံမင်စွာ ဖတ်ရှုဖြစ်ခဲ့သည် ဟု ဆိုသည်။ ဘောလ်ဇက်၏ Eugénie Grandet (1833) ကို ပြင်သစ်ဘာသာမှ ရုရှားဘာသာသို့ ဒေါ့စတာယဲ့ဗ်စကီး ဘာသာပြန်ဆိုခဲ့သည်။ ဒေါ့စတာယဲ့ဗ်စကီးသည် ဖဲကစားမှု ၀ါသနာကြီးသဖြင့် အကြွေးတင်လေ့ရှိပြီး၊ အပိုဝင်ငွေ ရှာရန် ဘာသာပြန်အလုပ်ကို လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။
ဘောလ်ဇက်ကို အားကျသဖြင့် အသက် ၂၀ အရွယ်မှ စတင်၍ စာရေးဖြစ်သည်။ သူ၏ ပထမဆုံးစာအုပ်ဖြစ်သော “ဆင်းရဲ သူဆင်းရဲသား” (Poor Folk) စာအုပ်ထုတ်ဝေခြင်းဖြင့် စိန့်ပီတာစဘတ် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ Poor Folk စာအုပ်ကို ၁၈၄၄-၄၅ တွင် ၉ လကြာ အချိန်ယူ ရေးသားခဲ့သည်ဟု သိရသည်။ ယင်းစာအုပ်သည် ထိုခေတ်က ရုရှား နိုင်ငံ ဆင်းရဲသားများအခြေအနေနှင့် သူဌေး သူကြွယ်များအခြေအနေကို သရော်စာပုံစံ ရေးသားထားသည်ဟု ခေတ်ပြိုင် ရုရှားစာပေအကဲခတ်များက ဆိုကြသည်။
ရုရှားစာပေဝေဖန်ရေးဆရာ ဘယ်လင်စကီး (Vissarion Grigoryevich Belinsky) က Poor Folk စာအုပ်သည် ရုရှားစာပေ ၏ ပထမဦးဆုံး လူမှုဗေဒအခြေပြ ၀တ္ထုစာအုပ်ဟု အကဲဖြတ်ခဲ့သည်။ ပထမဆုံးစာအုပ်ဖြစ်သဖြင့် အတွေ့အကြုံ အတွေး အခေါ်အရ နုနယ်သေးသော်လည်း ရုရှားစာပေအသိုင်းအဝိုင်းက တအံ့တသြချီးကျူးခဲ့ကြရသည်။ ရုရှားကဗျာဆရာနှင့် ဝေဖန်ရေးဆရာ နီကရာဆော့ဗ် (Nikolay Alexeyevich Nekrasov)က ဒေါ့စတာယဲ့ဗ်စကီး၏ ရေးဟန်သည် နီကိုလိုင် ဂိုဂေါ (Nikolai Vasilievich Gogol) နှင့် တူသည်ဟု နှိုင်းယှဉ်သုံးသပ်ခဲ့သည်။
ဒေါ့စတာယဲ့ဗ်စကီး၏ ၀တ္တုလတ် တစ်ပုဒ်ဖြစ်သည့် The Double ကို ၁၈၄၆ ဗန္နဝါရီတွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီးနောက် ၁၈၆၆ ခုနှစ်တွင် ဒုတ်ယအကြိမ် ပြန်လည် တည်းဖြတ် ထုတ်ဝေခဲ့ရသည်။ ယင်းဝတ္ထုသည် ဂိုဂေါ၏ သြဇာလွှမ်းမိုးမှု အရှိဆုံး ဒေါ့စတာယဲ့ဗ်စကီး၏ လက်ရာဟု ဝေဖန်ရေးဆရာတို့က ဆိုကြသည်။
ဒေါ့စတာယဲ့ဗ်စကီး အသက် ၂၇ နှစ်တွင် ဆင်းရဲသားတို့ဘက်မှ ရပ်တည်သည့် သူ့စာပေ လူကြိုက်များလာခဲ့ပြီး သူကိုယ် တိုင်လည်း ဇာဘုရင်ဆန့်ကျင်ရေး အမြင်ရှိသည့် စာရေးဆရာ ပညာတတ်အချို့ပါ၀င်သည့် (Petrashevsky Circle) ‘ပီတရာယဲ့ဗ်စကီးအုပ်စု’ နှင့် အဆက်အဆံရှိခဲ့သည်။ ထိုအဖွဲ့အစည်းမှာ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒ (Utopian Socialism) ကို လေ့လာနေသည့် လျှို့ဝှက်အဖွဲ့ ဖြစ်ပြီး စာပေရေးရာဆွေးနွေးတိုင်ပင်ရန် တည်ထောင်ထားသည်ဟု ဆိုသည်။ သူနှင့် အခြားအဖွဲ့ဝင်များသည် ၁၈၄၉ ခုနှစ်တွင် သေဒဏ်ချမှတ်ခံရသည်။ သို့သော် သေဒဏ်မပေးမီ ဇာဘုရင် နီကိုလပ်စ်(ပထမ) ၏ ပြစ်ဒဏ်လျော့ပေါ့ အမိန့် ရောက်လာပြီး ဆိုက်ဗေးရီးယားအကျဉ်းစခန်းသို့ ၄ နှစ် အပို့ခံခဲ့ရသည်။ သေနတ်ပစ်တပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခံရလုဆဲဆဲတွင် ဇာဘုရင်၏ လွတ်ငြိမ်းခွင့်အမိန့်ထွက်လာသဖြင့် ကံအားလျော်စွာ သေဒဏ်မှလွတ်ခဲ့သည်။ ဆိုက်ဗေးရီးယား အကျဉ်းစခန်းတွင် ဒေါ့စတာယဲ့ဗ်စကီးအား အန္တရာယ်အရှိဆုံး အကျဉ်းသားများ စာရင်း၌ ထည့်သွင်းခံခဲ့ရပြီး ၄ နှစ်လုံးလုံး သံခြေကျင်း လက်ထိပ်သံကြိုးများ ခတ်ထားခြင်းခံခဲ့ရသည်။
အကျဉ်းထောင်အတွင်း၌ သူ့အား သမ္မာကျမ်းစာ (New Testament Bible) မှလွဲ၍ မည့်သည့် စာအုပ်စာတန်းမျှ ဖတ်ခွင့်မပေးဟု ဆိုသည်။ ဆိုက်ဗေးရီးယား အကျဉ်းထောင် အတွင်း၌ သတိလစ်တတ်သည့် ၀က်ရူးပြန်ရောဂါဝေဒနာ ဖြစ်ခဲ့သည်။ ဆိုက်ဗေးရီးယား အကျဉ်းစခန်းတွင် ၄ နှစ် ကြာပြီး နောက် ၁၈၅၄ ဖေဖေါ်ဝါရီ ၁၄ တွင် အကျဉ်းစခန်းမှ ပြန်လွတ်ပြီး စိန့် ပီတာစဘတ်မြို့ သို့ပြန်လာခဲ့သည်။ ဆိုက်ဗေးရီးယား၌ သူတွေ့ကြုံခဲ့ရသော ဆင်းရဲနွမ်းပါးသူများ၏ ဒုက္ခဝေဒနာ ခံစား ရခြင်း အကြောင်းအရာများကို အခြေခံ၍ သူ့ဝတ္ထုများကို ရေးဖွဲ့ခဲ့သည်။ သူ့စာအုပ်အားလုံး၏ သုံးပုံ တစ်ပုံခန့်သည် ဆိုက်ဗေးရီးယားတွင် တွေ့ဆုံပေါင်းသင်းဆက်ဆံခဲ့ရသော အောက်ခြေကျောမွဲ ဆင်းရဲသား နင်းပြားတို့ ၏ဘဝများကို အသေးစိပ်လေ့လာရေးဖွဲ့ခဲ့သည်ဟုဆိုသည်။
လူလတ်ပိုင်းအရွယ်တွင် ဆိုက်ဗေးရီးယားအတွေ့အကြုံများကို အခြေခံကာ ရေးခဲ့သော “မရဏ စံအိမ်” (The House of the Dead -1860-2) နှင့် “စော်ကားသူနှင့် စော်ကားခံရသူ” (The Insulted and Humiliated - 1861) ၀တ္ထုများသည် ရင့်ကျက်တည်ငြိမ်သဖြင့် သူ၏ အကောင်းဆုံး လက်ရာများဖြစ်သည်ဟု စာရေးဆရာကြီး ‘လီယိုတော်လ်စတွိုင်း’ က မှတ်ချက်ပြုသည်။
လူလတ်ပိုင်းအရွယ် ၁၈၆၁- ၆၃ တွင် သူ့အစ်ကိုဖြစ်သူ "မစ်ခေးလ်" (Mikhail) နှင့်အတူ Vremya(Time) ဂျ ာနယ်နှင့် ၁၈၆၄- ၆၅ တွင် Epokha (Epoch)ဂျာနယ်တို့ကို ဦးစီးထုတ်ဝေခဲ့သည်။ ၁၈၆၄- ခုနှစ်တွင်ရေးသော "မြေအောက်ကမ္ဘာမှ မှတ်စုများ " (Notes from Underground) သူ၏ကိုယ်တွေ့ခံစားချက်များကို ကိုယ်တိုင်ရေး အထုပ္ပတ္တိသဖွေယ် သရုပ်ဖော်ရေးဖွဲ့ထားခြင်းဖြစ်သည်ဟုဆိုသည်။ ၁၈၆၆ - ခုနှစ်တွင် "ဖဲသမား" (The Gambler) နှင့် " ပြစ်မှုနှင့် ပြစ်ဒဏ် " (Crime and Punishment) ဝတ္ထု ထွက်လာသည်။ ပြစ်မှုနှင့် ပြစ်ဒဏ်ဝတ္ထုတွင် လူသား၏စိတ်ဒုက္ခဝေဒနာခံစားရခြင်းကို ကွင်းကွင်းကွက်ကွက်ဖော်ပြရုံမက ယင်းဒုက္ခခပ်သိမ်းမှလွတ် မြောက်လိုသည့် စိတ်ဆန္ဒကိုလည်း ဖော်ပြထားသည်ဟု ဆိုသည်။

ဒေါ့စတာယဲ့ဗ်စကီးသည် ကြွေးရှင်များကို ရှောင်ရန် ဇနီးဖြစ်သူ အင်နာနှင့်အတူ ဥရောပဖက်သို့သွားရောက်ကာ ၄ နှစ်ကြာ နေခဲ့သည်ဟု ဆိုသည်။ ဥရောပ၌ နေထိုင်စဉ် ဆိုက်ဗေးရီးယား အကျဉ်းထောင်အတွင်းမှ ရရှိခဲသည့် ၀က်ရူးပြန်ရောဂါ ဝေဒနာ ပြန်ဖြစ်ခဲ့သဖြင့် ၁၈၇၁ တွင် ရုရှားနိုင်ငံသို့ပြန်လာခဲ့သည်။ သူ့အသက် ၅၀ ကျော်တွင် ရေးသည့် ၀တ္ထုများအနက် ၁၈၇၀ ပြည့်နှစ်တွင် ထာဝရ ခင်ပွန်း (The Eternal Husband) ၀တ္ထု၊ ၁၈၇၂ တွင် နတ်ဆိုးများ (Demons)၊ ၁၈၇၅ တွင် ဆယ်ကျော်သက် (The Adolescent) စသည့် ၀တ္ထုများသည်လည်း သူ၏ ထင်ရှားသော လက်ရာများဖြစ်သည်။ ၁၈၇၃ တွင် သူအယ်ဒီတာအဖြစ် တာဝန်ယယူထုတ်ဝေသော Grazhdanin (“The Citizen”) ဂျာနယ်တွင် စာရေးဆရာ တစ်ဦး၏ နေ့စဉ်မှတ်တမ်း (“The Diary of a Writer”) ကို ပုံမှန်မဟုတ်ဘဲ အဆင်သင့်သလို ရေးသားခဲ့သည်။
၁၈၇၂ တွင် ဒေါ့စတာယဲ့ဗ်စကီး၏ နောက်ထပ် ခမ်းနားကြီးကျယ်သည့် “၀မ်းတွင်းရူး” (The Idiot)၀တ္ထုစာအုပ် ထွက်ခဲ့ သည်။ ထိုဝတ္ထု၌ လက်မရွံ့သေနတ်ပစ်တပ်ဖွဲ့ရှေ့တွင် ပြစ်သတ်ခံရလုဆဲဆဲအချိန် သူ့ခံစားချက်များကို ရေးဖွဲ့ သရုပ်ဖေါ် ထားသည်။ ပစ်မိန့်ပေးရန် သုံးမိနစ်အလိုတွင် လူ့ဘဝ၏ သရုပ်အမှန်ကို ဒေါ့စတာယဲ့ဗ်စကီး ဖြတ်ကနဲ ပြက်ပြက် ထင်ထင် မြင်ခဲ့ရပုံကို ရေးဖွဲ့ပြသည်။ မလှမ်းမကမ်းရှိ ဘုရားကျောင်းအဆောက်အအုံထက်မှ ရွှေရောင်လက်လက်ထနေသော စူးလစ်မွမ်းချွန် အနုပညာမြောက် အဆင်တန်ဆာတို့ နေရောင်ခြည်အောက်တွင် လင်းလက်တောက်ပနေပုံ သူ သတိပြုမိသည့်တင်္ဒဂကို တင်ပြသည်။ ရှေးယခင်က နေရောင် ခြည်၏ ကြည်နူးချမ်းမြေ့ဖွယ် ဖမ်းစားတတ်သည့် အလှတရား ရှိနေမှန်း သူ့အနေဖြင့် လုံးဝသတိမထားမိခဲ့ပုံကို သိမြင်ခဲ့ရသည်။ ထိုတဒင်္ဂတွင် သူ့ရင်၌ ကမ္ဘာလောကကြီးကို နက်နက် ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးမိသည့် မေတ္တာစိတ် ပြည့်လျှံလာပုံကို ရေးဖွဲ့ပြသည်။
ထိုခနတာအတွင်း၌ အသက်ဆက်ရှင်သန်ခွင့်ရပြီး လတ်ဆတ်သောလေကို ထိသိခံစားခွင့် ရှူရှိုက်ခွင့်သာရနေမည်ဆိုပါက သူတောင်းစားတစ်ဦးနှင့် နေရာချင်းလဲလှယ်ရမည်ဆိုလျှင်ပင် လိုလိုလားလား ဘဝချင်းလဲလှယ် ခံစားလိုသည်ဟု ဆိုထား သည်။ ယင်း တဒင်္ဂ ကမ္ဘာလောကကြီး၏ သာယာ လှပမှုကို ခံစားခွင့်ရရှိသည့် အခြေ အနေမျိုး ဘဝတစ်သက်ရရှိခဲ့သဖြင့် သဘာဝလောကကြီး၏ ရက်ရောမှုကို ကျေးဇူးတင် စရာကောင်းသည်ဟု သူခံစားမိပုံကို ဖေါ်ပြထားသည်။ ထို့ကြောင့် လူတိုင်းကို ညီတူညီမျှ ချစ်ခင်သင့်ကြောင်းနှင့် အသေးဆုံးသော သဘာဝတရားကလေးများသည်ပင်လျှင် လူသားတို့၏ စိတ်ကြည်လင်မှု ဖြစ်စေနိုင်ကြောင်း ဖွင့်ဆိုတင်ပြထားသည်။ မိမိမှလွဲ၍ အခြားသူများအား ဒေါသမဖြစ်သင့်၊ မကြောက်ရွံ့ သင့်သကဲ့သို့ အခြားသူတစ်ဦးဦးကို စိတ်မနှ့ံသည့် ၀မ်းတွင်းရူး လူ့အန္ဓ ဟု မမြင့်သင့်ပုံတို့ကို ဖွင့်ဆိုရေးသားထားသည်။
အကယ်၍ ကျွနှု်ပ်တို့သာ မှန်မှန်ကန်ကန် ကြည့်မြင်တတ်တတ်ပါက၊ လူသားများအား စိတ်ရွှင်လန်းချမ်းမြေ့မှုကို ပေးနိုင် စွမ်းသော အရာပေါင်းများစွာ စဉ်ဆက်မပြတ် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်ဝန်းရံနေကြသည်ကို မြင်နိုင်သည်ဟု ဒေါ့စတာ ယဲ့ဗ်စကီးက ဆိုသည်။ သေခြင်းတရားက သူ့အသက်ကို နှုတ်ယူတော့မည်ဆဲဆဲ တဒင်္ဂတွင် ဘဝရှင်သန်နေမှု၏တန်ဖိုး ကို ဒေါ့စတာယဲ့ဗ်စကီး ဆက်စပ်သိမြင်လိုက်ပုံကို သူ့“၀မ်းတွင်းရူး” (The Idiot) ၀တ္ထုစာအုပ်၌ နက်နက်နဲနဲ တွေးခေါ် သရုပ်ဖေါ်ထားသည်။ သူ့ဝတ္ထုများသည် လူ့ဘဝ၏အမှောင်ဘက်ခြမ်း ကြမ်းတမ်းရိုင်းစိုင် ကြေကွဲဖွယ်ရာ ဖြစ်ရပ်များကို သရုပ်ဖေါ်ရေးဖွဲ့လေ့ရှိသည်။ ဖြစ်စဉ်ဇာတ်လမ်းများမှာ ရှည် လျားပြီး သပွတ်အူပမာ ရှုပ်ထွေးပွေလီနေသည်။
သူ့ဝတ္ထုများမှတဆင့် ပညာပေးလေ့ရှိသော အချက် ၅ ချက်ရှိသည်ဟု စာပေသုတေသီများကဆိုကြသည်။ (၁) ဒုက္ခ ဝေဒနာ၏ တန်ဖိုး (The value of suffering)၊ (၂) မိမိတို့ဘဝဖြစ်တည်မှုကို မိမိတို့ မသိရှိမှု (We don’t know ourselves)၊ (၃) လူကောင်းများသည်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် အမှုများ ပြုတတ်သည် (Nice people do some terrible things)၊ (၄) မိမိတို့အနေဖြင့် လူ့ဘဝ၏ အနှစ်သာရအလှတရားကို တန်ဖိုးထားနားလည်တတ်ရန် သင်ယူကြ ရမည် (We must learn to appreciate the beauty of life)၊ (၅) ဝိညာဏဝါဒတွင်လည်း အကန့်အသတ်ရှိသည်။ (Idealism has its limits) - အစရှိသဖြင့် သူ့ဝတ္ထုများမှတဆင့် ပညာပေးဟောပြောလေ့ရှိသည်ဟု ဆိုသည်။
ဒေါ့စတာယဲ့ဗ်စကီးသည် သူ့ခေတ်သူ့အခါအလျောက် လူသားတစ်ဦးပီပီ ရ-နှစ်မျှ လောင်းကစားလုပ်ခြင်း၌ အရူးအမူး စွဲစွဲလန်းလန်း လုပ်ခဲ့ဖူးသည်။ တစ်ကြိမ်တွင် လောင်းစားရှုံးသဖြင့် အကြွေးအမြောက်အမြားတင်ခဲ့သည်။ အကြွေးမြန်မြန် ဆပ်နိုင်ရေးအတွက် ၀တ္ထုများများ ရေးသား၍ ထုတ်ဝေသူထံ ပေးနိုင်ရန် လက်ရေးတို စာရေးမ တစ်ဦးငှားခဲ့သည်။ သူနှုတ်တိုက် ပြောပြသည့် ဇာတ်လမ်းကို လက်ရေးတိုစာရေးမက လိုက်ရေးရသည်။ ဒေါ့စတာယဲ့ဗ်စကီးသည် ထူးချွန် ထင်ရှားသည့် ပါရမီရှင်ဟု ပြောရလောက်အောင် လက်တန်းရေးနိုင် ဟောပြောနိုင်သူ ဖြစ်သည်ဟု ဆိုသည်။ အသက် ၂၂ နှစ်အရွယ် လက်ရေးတိုစာရေးမဖြစ်သူ အင်နာ (Anna Grigorievna Snitkina) သည် ၁၈၆၇ တွင် သူ၏ ဒုတိယ အိမ်ထောင်ဖက် ဖြစ်ခဲ့သည်။ အင်နာနှင့် သားသမီး ၄ ဦးရရှိသည်။ သူ၏ ပထမအိမ်ထောင်ဖက် မာရီယာ (Maria Dmitrievna Isaeva) သည် အဆုပ်နာရောဂါကြောင့် ၁၈၆၄ ၌ ကွယ်လွန်ခဲ့သည်။
ဒေါ့စတာယဲ့ဗ်စကီးသည် လူ့လောက၏ ဆင်းရဲဒုက္ခများမြောင်သော ဘဝဖြစ်ရပ်မှန်အကြောင်းအရာများကိုမကွယ်မဝှက် ရဲရဲရင့်ရင့် တင်ပြရေးသားတတ်သော စာရေးဆရာဖြစ်သည်ဟု သူ့ခေတ်ပြိုင်ဝေဖန်ရေးဆရာတို့က သုံးသပ်သည်။ ဒေါ့စတာယဲ့ဗ်စကီး၏ ဘဝဖြတ်သန်းမှုသည် ဆင်းရဲပင်ပမ်း ကြမ်းတမ်းလှသဖြင့် သူ့စာများတွင် ဆင်းရဲသားများ၏ ဆင်းရဲ ဒုက္ခအကြောင်း၊ လူသားတို့၏ အတွင်းအဇ္ဈတ္တစိတ်၌ ဖြစ်သော ဝေဒနာ၊ ရောဂါ ဘယ ဘေးဥပါဒ် အန္တရာယ်များအကြောင်း တို့ကို ပီပြင်အောင်ရေးဖွဲ့လေ့ရှိသည်ဟု ဆိုသည်။ လူလောက၏ အမှောင်ရိပ်များအကြောင်း အများအပြား ရေးဖွဲ့ခဲ့သည်။ သူ၏ ပထမဆုံး ဝတ္တုရှည် “ဆင်းရဲသူဆင်းရဲသား”တွင် ဆင်းရဲသားဇာတ်ကောင်များ မဝရေစာစားသောက်ကြရပုံကို ဖေါ်ပြပြီး ပေါင်မုန့်နှင့် နွားနို့ကဲ့သိုသော အစား အသောက်မျိုးကိုပင် တစ်ခါတစ်ရံမှ စားကြရသည်ဟု ဖွဲ့နွဲ့သည်။
သူ့ဝတ္ထုများသည် လေပွေဝှေ့သလို၊ သဲမုန်တိုင်းတိုက်သလို၊ ရေလှိုင်းများလို စာဖတ်သူများကို ဆွဲခေါ်သွားနိုင်သည်းဟု အင်္ဂလိပ်စာရေးဆရာမ ဗာဂျီးနီးယား ၀ုဖ် (Virginia Woolf) ဝေဖန်သုံးသပ်ခဲ့ဖူးသည်။ ဂျာမန် ဒဿနိကဗေဒပညာရှင် နစ်ရှေး (Friedrich Nietzsche) အပါအဝင် စာပေဝေဖန်ရေးဆရာအချို့က ဒေါ့စတာယဲ့ဗ်စကီးကို စာပေလောက၏ ကြီးကျယ် ထူးခြားသော စိတ်ပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။ လူသားတို့၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ခံစားချက်များကို လေ့လာခံစားရေးဖွဲ့နိုင်သည့်အတွက် ဒေါ့စတာယဲ့ဗ်စကီး၏ ဆင်းရဲဒုက္ခအရေး အဖွဲ့တို့သည် ၁၄၇၂ ခုနှစ်က အီတလီစာဆို ‘ဒန်တီ’ (Dante Alighieri) ၏ ‘ငရဲခန်းပျို့လင်္ကာ’ (Inferno) ဖတ်ရသကဲ့သို့ ဖြစ်သည်ဟု ဝေဖန်ရေးဆရာ အချို့ကဆိုသည်။
ဒေါ့စတာယဲ့ဗ်စကီး၏ ၀တ္ထုများအနက် အကောင်းဆုံးလက်ရာမှာ ကာရာမာဇော့ဗ် ညီအကိုများ(The Brothers Karamazov) ၀တ္ထုဖြစ်သည်ဟု သတ်မှတ်သူများရှိသကဲ့သို့၊ အချို့ကလည်း “ပြစ်မှုနှင့် ပြစ်ဒဏ်” (Crime and Punishment) ၀တ္ထုကို စံပြလက်ရာဟု ဆိုကြသည်။ မည်သို့ဆိုစေ ၁၉-ရာစုတွင် ကမ္ဘာကျော်ခဲ့သော ရုရှား ဂန္ထဝင် စာရေးဆရာ “ဖျိုဒါ ဒေါ့စတာယဲ့ဗ်စကီး” သည် လူသားတို့၏ အတွင်းအဇ္ဈတ္တစိတ်၌ ဖြစ်ပေါ်သည့် စိတ်ခံစားချက်များကို ထိုးထွင်းလေ့လာရေးဖွဲ့ရာ၌ စံပြုလောက် အောင် ထူးချွန်သည့် စာရေးဆရာဟု မှတ်တမ်းတင်ခြင်းခံရပေသည်။ ‘ဒေါ့စတာယဲ့ဗ်စကီး’ သည် ၁၈၈၁ ဖေဖေါ်ဝါရီ ၉ ရက်နေ့၌ အသက် ၆၀ တွင် စာရေးနေစဉ် ကွယ်လွန်ခဲ့သည်။ သူ့ဈာပနသို့ သူ့အားလေးစားချစ်ခင်သူ ပရိသတ် ၄၀,၀၀၀ ခန့် တက်ရောက်ပို့ဆောင်ခဲ့သည်။ သူကွယ်လွန်ပြီးနောက် သူ့ဝတ္ထုများသည် အရောင်းရ ဆုံး စာရင်းဝင် စာအုပ်များ ဖြစ်လာခဲ့သည်။ သူ့စာအုပ်များကို ယခုအခါ ဘာသာပေါင်း ၁၇၀ ကျော်သို့ ဘာသာပြန် ဆိုပြီးခဲ့ပြီဟု ဆိုသည်။ ‘ဒေါ့စတာယဲ့ဗ်စကီး’ ၏ စာပေသြဇာသည် ‘အန်တွန် ချက်ကော့ဗ်’၊ ‘အားနက် ဟဲမင်းဝေး’ မှ အစပြု၍ ‘ဖရိုင်းဒရစ် နစ်ရှေး’၊ ‘ယန်းပေါလ်ဆတ်’ တို့အပေါ် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိခဲ့သည် ဟု ဆိုကြသည်။။။
References:
1. Fyodor Dostoevsky - https://www.britannica.com/biography/Fyodor-Dostoyevsky
2. Fyodor Dostoevsky :THE SCHOOL OF LIFE © 2020
3. Fyodor Mikhailovich Dostoevsky: The Core Curriculum, Columbia University
(အတွေးအမြင် အမှတ် (၃၃၉)၊ ၂၀၂၁ ဖေဖေါ်ဝါရီလ၌ ဖေါ်ပြသည့် ဆောင်းပါး)
#MoeMaKaMedia
#WhatsHappeningInMyanmar