Breaking News

ကိုသန်းလွင် - ပို၍ဆိုးလာနေသောအပူချိန်

ကိုသန်းလွင် - ပို၍ဆိုးလာနေသောအပူချိန်
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၂၂

(၁)  
ရာသီအလိုက်မဟုတ်ဘဲ မိုးအလွန်ကြီး၍ ကွင်းများရေလျှံသောအခါ၊ ရာသီအလိုက်မဟုတ်ဘဲ ပါတ်ဝန်း ကျင်တွင် အပူငွေ့များပြင်းထန်နေသောအခါ လယ်သမားတို့၏ ဂျုံအထွက်နှုန်းသည် တစ်ဝက်ခန့်သာ ရှိပါတော့ သည်။ အိန္ဒိယမြောက်ပိုင်းတွင် ဤ အပျက်အဆီးများဝင်ရောက်လာသောအခါ လယ်ယာစိုက်ပျိုး လုပ်ကိုင်စား သောက်ရသော မိသားစုများ၏ ဝင်ငွေသည် ထိခိုက်ရပါတော့သည်။ တခြားလယ်သမားများ နည်းတူ ကြွေးများ လည်ပင်းခိုက်ကာနေပြီး ဘယ်လို ပြန်ဆပ်ရမည်ကိုမသိဖြစ်နေပါသည်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် သီးနှံများ မှာ စိုက်ပျိုးရန်ခက်ခဲလျက်ရှိပါသည်။

(၂)
အခြား တောင်အာရှနိုင်ငံများနည်းတူ အိန္ဒိယလယ်သမားများသည် ထောက်မမှီနိုင်လောက်သော ဒုက္ခ ဆင်းရဲခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ကျန်းမာရေးပြသနာများဖြင့်သူတို့၏ ဘဝများမှာ ရှုတ်ထွေးလျက်ရှိပါတော့ သည်။ ကမ္ဘာကြီးပူနွေးလာမှုသည် ဝေးသောအနာဂါတ်အရေးမဟုတ်တော့ဘဲ ချက်ချင်းလက်တွေ့ရင် ဆိုင်နေရ သော ပြသနာဖြစ်နေပါပြီ။ နိုင်ငံရေးသမားများအဖို့ မှာလည်း ထိုဖြစ်နိုင်ခြေများကြောင့် ယခင်လို မသိကျိုးကျွန် မနေနိုင်ကြတော့ဘဲလက်ငင်းဖြေရှင်းရမည့်ပြသနာများဖြစ်လာကြပါသည်။ ခန့်မှန်းမရနိုင်သော ရာသီဥတုအခြေ အနေ များကြောင့် အကြီးအကျယ်ပျက်စီးမှုများ စီးပွားရေးဆိုင်ရာ အခက်အခဲများဖြစ်နေပြီး တိုးတက်ရေးလမ်း ကြောင်း ကို ရှာမတွေ့ရသည့်အထဲတွင် ပင်ဒဲမစ်က ဖျက်ဆီးခဲ့သဖြင့် လူ့အသက်နှင့်အသက်မွေးဝမ်း ကျောင်း အမှု ကို ပြုလုပ်ရန် ခက်ခဲနေပါတော့သည်။

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးပြိုဆင်းမှု နှင့်ရင်ဆိုင်နေရပြီး နိုင်ငံရေးတွင်လည်း အဖြေရှာ မရသော ပြသနာ များ တခုပြီးတခု ဆက်တိုက်ဖြစ်ပေါ်ကာ နိုင်ငံ့တောင်ပိုင်းတွင် ကာလာဝမ်းရောဂါဖြစ်သောအခါ ဗဟို အစိုးရ ကို မလုပ်တတ်မကိုင်တတ်ဖြစ် သွားစေခဲ့ပါသည်။ တောမီးလောင်သည့် ပြသနာတက်လာသောအခါ အစိုးရအဖို့ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်သွားရပါတော့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွန်ဆွန်းရာသီမစမှီမှာ ရေကြီးခြင်းဒုက္ခကြောင့်လူသန်းပေါင်းများစွာတို့ကို အတိ ဒုက္ခရောက်စေခဲ့ပါသည်။ ရေကြီးသော ပြသနာမှာဖြေရှင်းရခက်နေသည့် နီပေါနိုင်ငံတွင် ဂယ်လက်စီ (သို့) ရေခဲ တောင်မှရေများသည် အပူရှိန်ကြောင့် သမုဒ္ဒရာသို့စီးဆင်းလျက်ရှိရာ ပြည့်လျှံနေသောရေကန်များမှာ မိုးရေကြီး လာ မှုနှင့်ရင်ဆိုင်နေရပြီး သောက်ရေရှားသော အခက်အခဲများ ရှိနေပါသည်။ ထို့အပြင်ဒေသတွင်းသီးနှံနှင့်ပါတ် သတ်၍ အများဆုံးပေးနိုင်သောနိုင်ငံတွင်ဂျုံအထွက်နည်းလာသဖြင့်အစားအစာမလုံလောက်သော ပြသနာတက် လာပါသည်။ ရိတ်သိမ်းချိန်တွင် ရေကြီးခြင်းမှာကြီးစွာသော အန္တရာယ်ဖြစ်သည်။

တောင်အာရှနိုင်ငံများသည် အမြဲလိုလို ပူနွေးပြီး မွန်ဆွန်းရာသီတွင် မိုးအမြဲလိုလိုရွာနေရာမှ ဖောက်ပြန် သောရာသီဥတုများနှင့်ကြုံတွေ့နေရပါသည်။ ကမ္ဘာ့လူဦးရေ၏ ၄ ပုံ ၁ ပုံရှိသောဤနေရာတွင်အချိန်အခါမဟုတ် ရွာသောမိုး၏ နှောင့်ယှက်ခြင်းကို ခံနေရပါသည်။ အပူငွေ့နှင့်နေရသောဘဝများမှာ တခါတရံသာကြုံရသောကိစ္စ မဟုတ်တော့ဘဲ အမြဲလိုလို ရင်ဆိုင်တွေ့ကြုံနေကြရပါသည်။

ဟိုတုံးက မတ်လနေ့ရက်များသည် အေး၍အနွေးထည်ဝတ်ရသော ပန်ဂျပ်ပြည်နယ်တွင် ယခုအခါ မတ် လမှာဤနှစ်တွင်မှုပန်ကာလေနှင့်နေရသောအရပ်ဖြစ်လာနေပါသည်။ အိန္ဒိယနှင့်ပါကစ္စတန်တို့တွင်မတ်လသည် အပူဆုံးလဖြစ်သည်ဟု ၁၂၂ နှစ်စာမျှရှိသော ရီကော့များကဆိုသည်။ မိုးရွာချိန်တွင်မှုလထက် ၆၀% - ၇၀% မျှ လျော့နည်း၍ရွာသည်။ အပူငွေ့သည်စောစောလာပြီး အပူချိန်လည်း မြင့်နေတော့သည်။ မေလက နယူးဒေလြီမို့ ၏ အပူချိန်မှာ ၄၉ံ C  ဖာရင်ဟိုက် ၁၂၀ ဒီဂရီ ရှိသည်။ အဆိုပါ အပူငွေ့လှိုင်းသည် စက်မှုလက်မှုထွန်း ကားသည့် ယနေ့ခေတ်တွင်စက်မှုမထွန်းကားသည့်အချိန်ကထက်အဆ ၃၀ ခန့်တိုးလာသည်ဟုဆိုပါသည်။ အပူငွေ့ကြောင့် အိန္ဒိယ ၏ ဂျုံအထွက်နှုန်းမှာ ၃.၅ ရာခိုင်နှုန်းမျှ လျော့နည်းလာပါသည်။ ဂျုံ စိုက်ပျိုးရာ ပန်ဂျပ် နယ်၌မှု ၁၅% မျှ လျှော့နည်းမည်ဟုဆိုသည်။ အချို့အဆိုးဆုံးနယ်များတွင် ၃၀% အထိ အထွက်ကို ထိခိုက်နိုင်သည်။

ရေကြီးနေသော ရေများကို ဖယ်ရှားရန် ကျိုးစားနေစဉ် အပူငွေ့ဒဏ်က စရောက်လာခြင်းဖြစ်သည်။ အစိုးရက ဂျုံတင်ပို့ရောင်းချခြင်းကို ခွင့်မပြုတော့ သောအခါ စစ်ကြောင့် ဈေးကွက်တွင် အရေအတွက် နည်း နေသော ဂျုံမှာပို၍ နည်းပါးလာရပါသည်။ နိုင်ငံတိုင်းက ပြည်တွင်းအစာဖူလုံရေးက အဓိကထား၍ အလုပ်လုပ် ကြရပါသည်။

အိန္ဒိယတွင် ဂျုံအထွက်နည်းပါးသွားခြင်းအပြင်  အပူငွေ့တက်လာသောကြောင့် ပြည်သူပြည်သားများ ဂျူံကိုဝယ်စားရန်ခက်ခဲလာသည်။ ပြည်သူအများစုမှာ ဆင်းရဲကြပြီး တစ်နေ့စာ ကိုတစ်နေ့ အလျင်မှီအောင် စားသုံး နေကြပါသည်။ မွန်ဆွန်းရာသီတွင် ရေရရှိမှုနည်းပါးခြင်းနှင့် မြေအောက်ရေခမ်းခြောက်မှုကြောင့် သီးနှံ များ ရရန် အခက်အခဲဖြစ်လာပါသည်။ အစိုးရနှင့် ကုန်သည်အများအပြားဈေးကွက်ဖွင့်လှစ်ရာတွင် သဘော မတူနိုင်ကြ။ လယ်သမားများတွင် ကြွေးထူသောကြောင့် မိမိကိုယ်ကို သတ်သေသူများပေါများလာသည်။

ဤပြသနာကြောင့် များစွာသော တောနေလူထုမှာ မြို့ကြီးများတွင် ပြောင်းရွှေ့ လုပ်ကိုင်စားသောက်ရန် ပြင်ဆင်ရတော့သည်။ သို့သော်အိန္ဒိယ၏ စီးပွားရေးပုံစံ အရ အပေါ်ပိုင်းတွင်သာအာရုံစိုက်နေကြပြီးအောက်ခြေ လူထု၏အနေအထားမှာဘာမှပြောင်းလဲမှုမရှိ၊ အလုပ်အကိုင်အခြေအနေမှာလည်းတိုးတက်မှု မရှိဘဲဖြစ်နေသည် အလုပ်သဘာဝအရမှာလည်း ပြင်ပသို့ထွက်၍ အလုပ်လုပ်ကိုင်ရခြင်းများ ဖြစ်သဖြင့်အပူလှိုင်းကရှိနေသည်။  

လယ်သမားတို့အဖို့ တစ်ကမ္ဘာလုံးပူနွေးလာမှုသည် စိုက်ပျိုးရန် မြေကြီးထဲသို့ ထည့်ရမည့် သီးနှံအစေ့ တို့၏ ပုံစံသည် ပြောင်းလဲလာပါသည်။ အိန္ဒိယ သိပ္ပံပညာရှင်များအဖို့ အထွက်တိုးရန်ကိုသာ အာရုံစိုက်လာရာမှ လွန်ခဲ့သောကာလများတွင် အပူဒဏ်ကိုခံနိုင်မည့်သီးနှံမျိုးစေ့ကိုရှာဖွေရပြန်ပါသည်။ ဓာတ်ခွဲခန်းမှာ မျိုးစေ့သည် အပူချိန်ကို ၅ံ C အထိ ပို၍ခံနိုင်သော မျိုးစေ့ကိုရှာဖွေရပါသည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မျိုးစေ့ပေါင်း ၅၀၀ ခန့်ကို ဖန်တီးကြခြင်းဖြစ်ပါသည်။ အကောင်းဆုံး မျှော်လင့်နိုင်သည်မှာ အပူချိန်ခံနိုင် သည့် မျိုးစေ့မှာ အထွက် တိုးသည့် အစေ့ ဖြစ်နေစေရန်ပင်ဖြစ်ပါသည်။

ဤပြသနာသည် အိန္ဒိယမှာသာဖြစ်နေသော ပြသနာမဟုတ်၊ နယ်ခြားမျဉ်းကိုကျော်၍ အခြားနိုင်ငံများ တွင်လည်း ဖြစ်နေကြပါသည်။ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါတို့သည် ဂျုံကို တင်သွင်းရန် အိန္ဒိယကိုမှီ ခိုရပါသည်။ 

ဘင်္ဂလားနယ်တွင် ရေကြီးခြင်းမှာ အဆန်းတကြယ်မဟုတ်ပါ။ မြစ်ပေါင်းများစွာတို့သည် လူဦးရေ သန်း ၁၇၀ ရှိသော နိုင်ငံကို ဟိုမှသည်မှ ဖြတ်သန်းစီးဆင်းလျက်ရှိရာ မြင့်တက်သောရေက လူထုကို နှစ်စဉ် ဒုက္ခပေး လျက်ရှိသည်။ လူများကို ဒုက္ခမဖြစ်အောင် လျင်မြန်စွာဖယ်ရှားနိုင်ကြသော်လည်း အချိန်အခါမဟုတ် ရွာသွန်း နေသော မွန်ဆွန်းရာသီဥတုမျိုးကြောင့် ဒုက္ခရောက်လျက်ရှိသည်။ ဘင်္ဂလားနယ်မှ လယ်သမားတစ်ယောက်မှာ ၆ ဒဿမ ၅ ဧကကျယ်သော ပျိုးခင်းများကို စိုက်ပျိုးထားရာ ရေတိုက်စားခြင်းကို နှစ်ကြိမ်ခံ စားလိုက်ရသည်။ ၂၀၁၈ ခုနှစ်ကလည်း စပါးစိုက်ခင်းအတွက် ပျိုးထောင်ထားခဲ့ရာ ရေတိုက်စားခဲ့ရသည်မှာ၂ ကြိမ်ရှိပါပြီ။ သူသည် ပျိုးခင်းကို အစက ပြန်စရန်လိုပြီး ယခင်နှစ်ကလည်း ဤသို့ဖြစ်ခဲ့ဘူးသည်ဟုဆို၏။

နီပေါနိုင်ငံတွင်လူဦးရေ၏ ၄ ပုံ ၁ ပုံမှာဆင်းရဲသောအပိုင်း (Poverty Line) ၏အောက်တွင်ရှိနေပြီးရာသီ ဥတုဖောက်ပြန်ခြင်းကိုအလူးအလဲခံနေကြရသည်။ ရေကြီးပြီးသောက်ရေရှားပါးသည်။ သစ်တောမီးလောင်မှုများ ကလည်း ဆက်တိုက်ဆိုသလိုရှိနေသည်။ ဟိမဝန္တာတောင်ပေါ်တွင်ရှိသော နှင်းများပျော်ဆင်း လာသည့် အခါ နေရာရွှေ့ပြောင်းနေရသည်။ နီပေါ စိုက်ပျိုးရေးဌာနကခန့်မှန်းသည်မှာ ၇၀% မျှသောမြေဧကများမှာစိုက်ပျိုး  မရ အောင်ဖြစ်နေသည်။ သစ်တော မီးလောင်မှုများသည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အဆ ၂၀ မျှ ပိုမိုများပြားလာခဲ့သည်။

 မြစ်အကြေပိုင်းတွင် စိုက်ပျိုးရေးမှာ ရေလျှံမှုကြောင့် ၁၀% မျှထိခိုက်ရပြီး လူအများလည်း သေကြေ ပျက်စီးကြသည်။ မြင့်တက်လာသော အပူချိန်ကြောင့် နှင်းများပျော်ဆင်းလာရာ ကန်ပေါင်းများစွာ ရေများ ပြည့် လျှံကုန်သည်။ ကန်ပေါင်း  ၂၀ ခန့်မှာ ရေလျှံတော့မည့် အနေအထားဖြစ်သည်။

(၃)
၂၀၁၆ ခုနှစ်တွင် ဟိမဝန္တာအနီးမှ (Imja) ရေကန်ကိုနီပေါစစ်တပ်မှ ဖောက်ချခဲ့သည်။ အခြား ကန် ၄ ခုကိုလည်း အလားတူဖောက်ချနိုင်ရန် သက်ဆိုင်ရာတို့က ရံပုံငွေစုဆောင်းနေကြသည်။ ပါကစ္စတန်ပြည် အလူချစ်စတန်နယ်တွင် နွေဦးရာသီရောက်လာပြီး အနောက်ကောင်းကင်ပြင်တခုလုံးအဝါရောင်ဖြစ်သွားအောင် သဲမုန်တိုင်းတိုက်ခဲ့သည်။ နယ်စပ်တစ်လျှောက် တောမီးလောင်သဖြင့်ရက်သတ္တပါတ်ကြာအောင် သံလွင်ပင် နှင့် ပိုင်းပင်များကိုမီးလောင်ကျွမ်းခဲ့သည်။ အနီးနားမှာ (Pikoh)နယ်တွင်လူများသည်ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းများ ဖြင့် ဖျားနာကြရာ အပူငွေ့ကြောင့် ကာလဝမ်းရောဂါဖြစ်ပွားပြီး လူ၂၄ ဦးခန့်သေဆုံးခဲ့သည် ဟုသိရသည်။
ကမ္ဘာကြီးပို၍ပူလာသောအခါ လူတို့မှာပြေးစရာနေရာမရှိ၊ အပူဒဏ်ကို ခံနေကြရုံသာရှိပါတော့သည်။

ကိုသန်းလွင်
Ref: The Weight of climate Change By Mujib Mashal N.Y. Times June 17 2022


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar